ကျွန်ုပ်တို့ကုန်ပစ္စည်းများ
ဆီးစိုတဲ့အခါ ကလေးငယ်ကို ငိုစေတာကြောင့် ကလေးလည်း မပျော်ရွင်ရသလို မိဘလည်း အမြဲ စိုးရိမ် ပူပန်နေရပါတယ်။ မာမီပိုကိုဒိုင်ဘာတွေက စုပ်ယူမှုအားကောင်းပြီး ယိုစိမ့်မှုမရှိတာကြောင့် ကလေးငယ်လဲ မငိုတော့ပဲ မိဘတွေ စိုးရိမ်ရတဲ့ပြသာနာတွေ ကင်းဝေးသွားစေတယ်။ မာမီပိုကိုက ကလေးငယ်ထိန်းသိမ်းစောင့်ရှောက်စဉ်အတွင်း ကလေးနဲ့ မိဘတွေရဲ့ အပြုံးတွေအစဉ်အမြဲ ရရှိအောင် ပံ့ပိုးပေးပါတယ်။ ကလေးနဲ့မိဘတွေရဲ့ ပျော်ရွင်စရာ အခိုက်အတန့်လေးတွေကို မာမီပိုကိုနဲ့အတူ ဖန်တီးကြရအောင်
ဓမ္မတာလာနေစဉ် စုပ်ယူမှုအားမကောင်းလို့ ယိုစိမ့်ခြင်းဖြစ်မှာ၊ သက်သောင့်သက်သာမရှိဘဲ လှောင်ပိတ်ပြီးအနံ့ဆိုးထွက်မှာတွေကို အများဆုံးစိုးရိမ်ပူပန်တတ်ကြပါတယ်။
SOFY မှာ အစရှိတဲ့ပြဿနာတွေကိုကင်းဝေးစေပြီး ပုံမှန်နေ့ရက်တွေလို သက်သောင့်သက်သာအမြဲဖြစ်နေဖို့ လိုအပ်ချက်နှင့်ကိုက်ညီသော လစဉ်သုံးထုတ်ကုန်များစွာရှိပါတယ်။
SOFY နှင့်အတူ အမြဲတောက်ပပြီး ယုံကြည်မှုရှိစွာ ဖြတ်သန်းလိုက်ပါ….
Lifree
လုပ်နိုင်စွမ်းတွေ အားလျော့လာကြပါတယ်။ အထူးသဖြင့် ဆီးယိုစိမ့်မှုက လူတွေရဲ့ နေထိုင်မှုတွေကိုပါ ယုံကြည်မှု လျော့ကျစေပါတယ်။ သတိမထားမိလိုက်ပါဘဲနဲ့ “ငါအသက်ကြီးလာပြီ။ ဘာမှမလုပ်နိုင်တော့ဘူး” ဆိုတာကို လက်ခံလိုက်ရတယ်။ အမှန်တော့ အသက်ကြီးလာလဲ ပုံမှန်လုပ်ဆောင်မှုတွေကို လုပ်နိုင်တယ်ဆိုရင် ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါတယ်။ ပုံမှန်သွားနေကျ ရေအိမ်ကို ပုံမှန်အတိုင်းသွားနိုင်ပြီဆိုရင် ယုံကြည်မှုတွေကို ပြန်ရလာပါမယ်။ ဆီးယိုစိမ့်မှုကို စိတ်ပူစရာမလိုဘူးဆိုရင် အပြင်သွားချင်တဲ့အခါမှာလဲ ပုံမှန်အတိုင်း လွတ်လွတ်လပ်လပ် ပြန်သွားနိုင်တယ်။ စိတ်အားကို မလျော့ပဲ လုပ်နိုင်စွမ်းရှိသလောက် အကောင်းဆုံး ကြိုးစားကြရအောင်။ လိုက်ဖ်ဖရီးက တစ်ယောက်ချင်းစီတိုင်းရဲ့ နေ့စဉ်ဘဝမှာ အကောင်းဆုံး ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်အောင် ကူညီပေးပါတယ်။